Kyaw Gyi was from Bago and was the youngest of four children.
After the military coup in 2021, Kyaw Gyi joined the nationwide civil disobedience and opposition movement. He joined the Free Burma Rangers in 2022 to help with humanitarian work and supporting children affected by the conflict. Colleagues remember him as a constantly-smiling member of the team who made everyone laugh.
Kyaw Gyi was killed by the Myanmar military in Toungoo District, northern Karen State, on 20 March. He was 31.
ကျော်ကြီးသည် ပဲခူးမှဖြစ်ပြီး မောင်နှမလေးယောက်တွင် အငယ်ဆုံးဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ကျော်ကြီးသည် နိုင်ငံတဝှမ်းပြုလုပ်သော အရေးတော်ပုံနှင့် စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ထိုနောက် ၂၀၂၂ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သော Free Burma Rangers၌ပါဝင်ပြီး ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော ကလေးငယ်များအား ကူညီထောက်ပံ့ရာ၌ တာဝန်ထမ်းခဲ့သည်။ ကျော်ကြီးသည် အမြဲမပြတ် ပြုံးရယ်နေတတ်ပြီး သူ၏ပတ်ဝန်းကျင်ရှိလူတိုင်းအား ရယ်မောပျော်ရွှင်စေသူဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များက ပြောဆိုကြသည်။
ကျော်ကြီးသည် မတ်လ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၌ စစ်ကောင်စီတပ်၏ လုပ်ကြံခြင်းခံရပါသည်။ သူသည် ကျဆုံးချိန်တွင် အသက် ၃၁ နှစ်သာရှိပါသည်။